လူငယ်စကားဝိုင်း

နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ ကျိုင်းတုံ ဩဂုတ် ၂၄ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဩဂုတ် ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲက နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)တွင် ကျင်းပသည်။ ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်သာထွန်း က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဦးစိုးနိုင် က ကျောင်းသား၊ ကျောင်းသူ လူငယ်များ အချင်းချင်း အသိပညာဗဟုသုတများဖလှယ်ကြရာမှ အတွေအကြုံ အသစ်များရရှိစေရန်၊ လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားသည်။ လူငယ်စကားဝိုင်း‌ ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်‌ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင် က Moderator အဖြစ် ဆောင်ရွက်ပြီး နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)မှ ကျောင်းသား/ ကျောင်းသူ ၆ ဦး တို့က လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်အလှအပ၊ လူငယ်နှင့်ဒဿန၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်စူးစမ်း လေ့လာခြင်း စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်းအတွင်း အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်